မိုးညသူငယ်ချင်းများ

 


သူတို့ပေါ့

အိပ်မပျော်တဲ့အခါ

ကြည်အေးရဲ့ တစ္ဆေ အခြောက်ခံ

ညကြီးမင်းကြီး ထပြီးထိုင်နေ

အင်း

ကျွန်တော်လည်းပါတယ်။


သူတို့ပေါ့

အိမ်မပျော်တဲ့အခါ

စန္ဒယားလှထွတ်လို

စိတ္တဇညများ ကုန်ဆုံးလွန်မြောက်ပါစေ

အင်း

ကျွန်တော်လည်းပါတယ်။


သူတို့ပေါ့

မိုးတွေမှောင်လာရင်

ဂီတနက်သန်ကိုစောညိန်းလို

ချစ်တဲ့သူရဲ့ ရင်ခွင်

သည်မိုးမှောင်တုန်း မောင်ပုန်းပါရစေ

အင်း

ကျွန်တော်လည်းပါတယ်။


သူတို့ပေါ့

မိုးတွေသည်းတဲ့ညဆိုရင်

လူခြေတိတ်တောင် အိပ်လို့မရ

ချစ်မိုးကြီး မစဲဘဲ သည်းသည်းမဲမဲ ရွာစေချင်

အင်း

ကျွန်တော်လည်းပါတယ်။


မိုးခိုင်

၂၀၁၇၀၆၂၉

Popular Posts