ချစ်ခြင်းရနံ့

 

နွေညရဲ့ အိပ်မက်ထဲကို

ပိတောက်ရနံ့တွေ သယ်ယူခဲ့တဲ့

လေပြည်ညှင်းရဲ့ ပီတိလို...


မိုးစက်ပွင့်လေးတွေရဲ့ အနမ်းတွေကို

ချမ်းမြေ့စွာ ခံယူခဲ့တဲ့

စပယ်ဖြူတစ်ပွင့်ရဲ့ ရှက်ပြုံးလို…


ဆောင်းရဲ့ မနက်ဖြန်နှင်းတွေကို

တမ်းလင့်ကာ ကြိုနေခဲ့တဲ့

သဇင်ငယ်တစ်ခက်ရဲ့ မျှော်လင့်ခြင်းလို…


မျက်ဝန်းနက်ရဲ့ အကြည့်တစ်ခုကို

နွေးထွေးစွာ ရင်ခုန်ခဲ့တဲ့

ရင်ထဲနှလုံးသားရဲ့ ချစ်ခြင်း…။


မိုးခိုင်


Popular Posts