စစ်ကိုင်းလမ်း
#တက္ကသိုလ် ၁၀၀
စစ်ကိုင်းလမ်း
(တေးရေး - ကိုနေဝင်း)
သိပ်မကြာခင် အချိန်က ကိုနေဝင်းရဲ့ စစ်ကိုင်းလမ်းဟာ စစ်ကိုင်း(တံတား) စသဖြင့် သူရဲ့တစ်ယောက်သောသူကို ခံစားသီဖွဲ့တယ်ဆိုပေမဲ့ ကျွန်တော်တို့အတွက်ကတော့ ကျောင်းထဲက စစ်ကိုင်းလမ်းပါ။
ကျောင်းတက်ချိန်က စစ်ကိုင်းလမ်း ဘယ်မှာလဲ။ အချို့က အင်းဝဆောင်ရှေ့ကလမ်း(အင်းဝလမ်း)ရဲ့ အဓိပတိလမ်းကျော်လို့ ဂျပ်ဆင်နောက်(လမ်းအတိုလေး)ကို စစ်ကိုင်းလမ်းလို့ ဆိုတယ်။
ကျွန်တော့်စိတ်ထဲက ဇာတ်လမ်းက စစ်ကိုင်းလမ်းသီချင်းထဲက မင်းသမီးဟာ အင်းလျားဆောင်သူ ဖြစ်နေတယ်။
Music
၉၀ကျော်ကာလ (ကျွန်တော် ဘွဲ့ရ အလုပ်လက်မဲ့) သွားစရာမရှိ၊ စိတ်ကူးပေါက်တဲ့နေ့မှာ (၄၂)တက်စီး၊ ကျောင်းရှေ့မှာဆင်း၊ အမရထဲကဖြတ်(တဲ့ခဏ ကိုသူ၊ ကိုဂျက်၊ မအေး...)၊ တောင်ငူဆင်ဝင်ကမှ အရှည်ကြီးဆိုင်သွားထိုင်၊ တခါတလေ ကိုတင်အောင်က “မနက်က အကို့ သူငယ်ချင်း ထိုင်သွားသေးတယ်” ဟို လည်ကတုံး အမြဲဝတ်တဲ့ ဥပဒေက...” သူ မပြောလည်း အာကာပဲဆိုတာ ကျွန်တော် သိနေတယ်။
တောင်ငူက ရွှေဘိုဘေးဖြတ်၊ ဂျပ်ဆင်ရှေ့ဖြတ်၊ (ကိုယ်ချင်းစာလို့ 🤫😁) လှေကားထစ်ဘက် မကြည့်ပါဘူး။
တခါတလေလည်း အာစီကဖြတ်။ တခါတလေလည်း ပထဝီလေးထပ်တက် ဇော်လတ်ကို သွားရှာ၊...။
တခါတလေ ရူပဗေဒဆောင်ထိသွားပြီးမှ ဆိုင်းယင့်ကင်တီးတွင်းက ဖြတ်။
မာလာဆောင်နောက် ဝိဇ္ဇာဆောင်နှင့် ကော်ရစ်ဒါ တဆက်တည်းရှိသလို
အင်းလျားဆောင်နောက် သိပ္ပံဆောင်နှင့် ကော်ရစ်ဒါ တဆက်တည်းရှိတာပဲ။
တနေ့မှာတော့ ပုဂံလမ်းမရောက်ခင်မှာ ပုဂံလမ်းနှင့်အပြိုင်လမ်းလေးမှာ စစ်ကိုင်းလမ်းလို့ ဆိုင်းဘုတ်တပ်ထားတာ တွေ့ရတယ်။ အင်လျားဆောင်နောက် ရေစင်ကြီးနှင့် နီးတယ်။
အင်းဝပေါင်းမိုးနှင့် ပုဂံလမ်းကြား၊ အင်လျားလမ်းကို မျက်နှာမူထားရင်
ညာဘက်မှာ စစ်ကိုင်းလမ်း၊ ဘယ်ဘက်မှာ အင်းလျားဆောင်နောက်ပေါက်၊ ဘေးမှာ ရေစင်...။
...
...
...

